CHIME

“မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားရွှေ့ပြောင်းသွားလာမှုကို မြှင့်တင်ခြင်း” (CHIME) သုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏ ပြည်နယ် နှင့် တိုင်းဒေသကြီး ၄ ခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် များတွင် ရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်သည့် သုတေသနစာတမ်းများမရှိကြောင်း နှင့် ရွှေ့ပြောင်းသွားလာမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျရောက်လျက်ရှိသည့် အကျိုးသက်ရောက်မှုများအကြောင်းကို ဖော်ပြရန်အတွက် ရည်ရွယ်ထားသည်။

 

CHIME သည် အိမ်ထောင်စုဆိုင်ရာ စစ်တမ်းကောက်ယူချက်များ နှင့် အရည်အသွေးကောက်ယူခြင်းဆိုင်ရာ လူတွေ့မေးမြန်းခြင်းများစသည့် ပေါင်းစပ်နည်းလမ်းများကို အသုံးပြုပြီး စစ်တမ်းကောက်ယူမှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ပထမဦးဆုံးအကြိမ်ကောက်ယူထားသည့် အချက်အလက်များသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ မတ်လအတွင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလ မှ ဇူလိုင်လတွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့သည်။ CHIME စီမံကိန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ the University of Sussex ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်)တို့မှ ပူးပေါင်းအကောင်     အထည်ဖော်ခဲ့ပါသည်။ သုတေသနရန်ပုံငွေအား အသက်မွေးဝမ်းကျောင်းမှု နှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) မှ ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

 

Videos