Terms and Condition

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

နယ်ပယ် အတိုင်းအတာ

အောက်ဖော်ပြပါ ဝဘ်စာမျက်နှာ myanmr.iom.int ကို အသုံးပြုရန် ဤစည်းကမ်းသတ်မှတ်များကို လိုက်နာရမည်။

ယခုဝဘ်စာမျက်နှကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူသည်ဟု ယူဆသည်။

 

အကျဉ်းချုပ် ဖော်ပြချက်

ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်) သည် ၎င်း၏ဝဘ်စာမျက်နှာတွင် သတင်းအချက်အလက်အလို့ငှာ ဖော်ပြထားသည့် စာသား၊ စာရွက်စာတမ်း၊ လိုဂို ၊ ဒီဇိုင်းများ ၊ မျက်မြင် အထောက်အကူပစ္စည်းများ၊ ဓါတ်ပုံများ နှင့် ဗွီဒီယိုများ (၎င်းတို့ချည်းသာဟု ကန့်သတ်ထားခြင်းမရှိ)တို့ကို သတင်းအချက်အလက်အဖြစ် အထောက်အကူဖြစ်စေရန် အလို့ငှာ ပံ့ပိုးပေးသည်။

အိုင်အိုအမ်သည် တစ်စုံတစ်ရာ ကြိုတင်အသိပေးခြင်းမရှိဘဲ ဤဝဘ်စာမျက်နှာကို ပြုပြင်ခြင်း ၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်နိုင်သည့် အလုံးစုံ မူပိုင်ခွင့်ကို ပိုင်ဆိုင်သကဲ့သို့ ထို့သို့ပြုလုပ်ခြင်း တစ်စုံတစ်ရာအတွက် မည်သည့် အသုံးပြုသူတစ်ဦးတစ်ယောက်၏ လိုအပ်ချက်ကိုမျှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

အိုင်အိုအမ်သည် ၎င်း၏ အလုံးစုံ မူပိုင်ခွင့်အရ အသုံးပြုသူ တစ်စုံတစ်ဦး၏ ဝဘ်စာမျက်နှာ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ချိတ်ဆက်အသုံးပြုခွင့်ကို အသိပေးခြင်း မပြုပဲ ငြင်းပယ်ခွင့်ရှိသည်။

 

ဉာဏ မူပိုင်ခွင့်

လွှင့်တင်ထားသည့် အချက်အလက် တင်ဆက်ပြသမှုအားလုံး၏ မူပိုင်ခွင့်သည် အခြားဖော်ပြထားချက် တစ်စုံတစ်ရာ မရှိပါက အိုင်အိုအမ်ကသာ ပိုင်ဆိုင်သည်။

အိုင်အိုအမ်သည် ဝဘ်စာမျက်နှာပေါ်တွင် စုဆောင်း ဖော်ပြထားသည့် အချက်အလက်များအားလုံးကို ပိုင်ဆိုင်သည်။

 

မူပိုင်ခွင့် နှင့် ခွင့်ပြုချက်များ

အခြားဖော်ပြထားချက် တစ်စုံတစ်ရာမရှိပါက ဖော်ပြထားသည့် အချက်အလက်အားလုံး၏ မူပိုင်ခွင့်ကို အိုင်အိုအမ်က ပိုင်ဆိုင်သည်။ ယင်း အချက်အလက် များကို ကြည့်ရှုခြင်း ၊ ကူးယူခြင်း နှင့် ပရင့်ထုတ်ခြင်းများကို တစ်ကိုယ်ရည်အသုံးပြုရန်သော်လည်းကောင်း ၊ စီးပွားဖြစ်မဟုတ်သော အသုံးပြုခြင်းအတွက်သော်လည်းကောင်း အသုံးပြုနိုင်သော်လည်း ရောင်းချခြင်း၊ တစ်ဆင့် ပြန်လည်ရောင်းချခြင်း ၊ ဖြန့်ဖြူးခြင်း သို့မဟုတ်   ပြုပြင်ခြင်း ပြုခွင့်မရှိပါ။

ခြွင်းချက်အနေဖြင့် မီဒီယာတွင် ထည့်သွင်းရန် သတင်းအချက်အလက်မှလွဲ၍ အိုင်အိုအမ်၏ စာဖြင့် ရေးသားခွင့်ပြုချက်မရရှိဘဲ မည်သည့်ပုံစံတစ်မျိုးမျိုးနှင့်မဆို သို့မဟုတ် အီလက်ထရောနစ် ၊ စက်မှု ၊ မိတ္တူကူးခြင်း နှင့် အခြားမည့်သည့် နည်းလမ်းဖြင့်မဆို ထုတ်နှုတ်ခြင်း၊ ဘာသာပြန်ဆိုခြင်း၊ ပြန်လည်ထုတ်ဝေခြင်း ၊ နှင့် ဖြန့်ဖြူးခြင်း မပြုရ။  

အိုင်အိုအမ်မှ ပိုင်ဆိုင်ခြင်းမရှိသည့် စာရွက်စာတမ်း ၊ တင်ဆက်ဖော်ပြမှုများကို အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာ မူပိုင်ခွင့် ပိုင်ဆိုင်သူထံမှ ခွင့်ပြုချက်တောင်းခံရမည်။.

 

မီဒီယာ သတင်းအချက်အလက်

သတင်းထုတ်ပြန်ချက်များနှင့် သတင်းထုတ်ပြန်ချက် အကျဉ်းများကို ရောင်းချခွင့်မရှိသကဲ့သို့ အသုံးပြုရန် အဖိုးအခ တစ်စုံတစ်ရာ ပေးအပ်ရန်မလိုပဲ လွတ်လပ်စွာ အသုံးပြုဖော်ပြနိုင်ပါသည်။ သို့သော် အိုင်အိုအမ်ကို သတင်းရင်းမြစ်အဖြစ် အသိအမှတ်ပြု ဖော်ပြရမည်။

သီးခြားဖော်ပြထားခြင်းရှိသည်မှလွဲ၍ ပုံမှန်အခြေအနေများတွင် ဗွီဒီယိုများကို ပြသခြင်း ၊ ပြန်လည် ထုတ်လွှင့်ခြင်း နှင့်/သို့မဟုတ် ထုတ်လွှင့်တင်ဆက်ခြင်း များကို ရောင်းချခွင့် မရှိသကဲ့သို့ အခကြေးငွေ တစ်စုံတစ်ရာ ပေးအပ်ရန်မလိုပဲ ပြုလုပ်နိုင်သည်။ အိုင်အိုအမ်မှ မူပိုင်ခွင့် ပိုင်ဆိုင်ခြင်းမရှိသည့် ထုတ်လွှင့်တင်ဆက်နိုင်သော ဗွီဒီယိုများအတွက်မူ ချိတ်ဆက်ရယူခြင်း နှင့် ကန့်သတ်ချက်များဆိုင်ရာတွင် ဖော်ပြထားသည့် အချက်အလက်များကို ကြည့်ရှုပါ။

အခြားဖော်ပြထားချက် တစ်စုံတစ်ရာ မရှိပါက အိုင်အိုအမ်ကို သတင်းရင်းမြစ်အဖြစ် အသိအမှတ်ပြု ဖော်ပြသင့်ပါသည်။ အသုံးပြုသူသည် အသုံးပြုသည့် တင်ဆက်ရေးသားမှု၏ မူရင်း URL နှင့်တကွ အောက်ပါ အသိအမှတ်ပြုစာသား © International Organization for Migration (IOM) 200x ကိုပါ ထည့်သွင်းဖော်ပြရန် လိုအပ်သည်။

အိုင်အိုအမ်ကို သတင်းရင်းမြစ်အဖြစ် ထည့်သွင်းဖော်ပြခြင်းသည် အိုင်အိုအမ်က အထောက်အပံ့ပြုထားသည် သို့မဟုတ် အိုင်အိုအမ်နှင့် ပူးပေါင်းလုပ်ဆောင်သည် ဟု တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း အဓိပ္ပာယ်မသက်ရောက်စေရပါ။

 

အိုင်အိုအမ် ထုတ်ဝေစာများ

အိုင်အိုအမ် ထုတ်ဝေစာများတွင် ပါဝင်သည့် အချက်အလက်များကို စီးပွားရေးအတွက်သော်လည်းကောင်း သို့မဟုတ် စီးပွားရေးနှင့် သက်ဆိုင်ခြင်း မရှိသော ရည်ရွယ်ချက်အရသော်လည်းကောင်း ကောက်နှုတ်ဖော်ပြခြင်း၊ ဘာသာပြန်ဆိုခြင်း ၊ ကူးယူခြင်း သို့မဟုတ် ပြန်လည် ထုတ်ဝေခြင်း ပြုလုပ်လိုပါက ကျေးဇူးပြု၍  ပြန်လည်ထုတ်ဝေရန် ခွင့်ပြုချက်တောင်းခံခြင်း ပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ လိပ်စာသို့ ပေးပို့စေလိုပါသည်။

International Organization for Migration
Publications Unit
17 route des Morillons, CH-1211 Geneva, 19 Switzerland
E-mail: publications@iom.int  
Fax: +41 22 798 6150

အိုင်အိုအမ်၏ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်း ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်ပုဒ်ကို ကူးယူခြင်း ၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် ပြန်လည် ထုတ်ဝေရန် ခွင့်ပြုချက် တောင်းခံလိုပါက အောက်ပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

Blackwell Publishing Ltd. 
9600 Garsington Road, Oxford OX4 2DQ, United Kingdom
E-mail: customerservices@oxon.blackwellpublishing.com

 

 

အိုင်အိုအမ် ဓါတ်ပုံများ

ဓါတ်ပုံအသုံးပြုရန် ခွင့်ပြုချက်တောင်းခံလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်ပါ။

International Organization for Migration (IOM)
Image Library 
Manila Administrative Centre, 28th Floor Citibank Tower,
8741 Paseo de Roxas, 1226 Makati City, Philippines 
Fax: +63 2 848 1257
E-mail: imagelibrary@iom.int

အိုင်အိုအမ်၏ ဓါတ်ပုံများ စာကြည့်တိုက်မှ ဓါတ်ပုံများအသုံးပြုခွင့် တောင်းခံလိုပါက စာကြည့်တိုက်၏ အီလက်ထရောနစ် ခွင့်ပြုချက်တောင်းခံသည့် ပုံစံကို အသုံးပေးပါ။

 

အိုင်အိုအမ် အမှတ်တံဆိပ်

အိုင်အိုအမ် အမှတ်တံဆိပ်ကို အသုံးပြုခွင့် တောင်းခံလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်ပါ။

International Organization for Migration
Publications Unit
17 route des Morillons, CH-1211 Geneva, 19 Switzerland
E-mail: publications@iom.int  
Fax: +41 22 798 6150

 

အခြားသော ထုတ်လွှင့်တင်ဆက်ထားမှုများ

အခြားသော ထုတ်လွှင့်တင်ဆက်ထားမှုများ အသုံးပြုခွင့် တောင်းခံလိုပါက အောက်ပါ လိပ်စာသို့ ဆက်သွယ်ပါ။

International Organization for Migration (IOM)
Website, Intranet and Digital Assets Management  
Manila Administrative Centre, 28th Floor Citibank Tower,
8741 Paseo de Roxas, 1226 Makati City, Philippines 
Fax: +63 2 848 1257
E-mail: wsm@iom.int

 

အိုင်အိုအမ် ဝဘ်စာမျက်နှာနှင့် ချိတ်ဆက်ခြင်း

အိုင်အိုအမ်၏ ခွင့်ပြုချက်ကို တောင်းခံခြင်း မရှိပဲ အခြားသော ဝဘ်စာမျက်နှာများသည် အိုင်အိုအမ် ဝဘ်စာမျက်နှာနှင့် ချိတ်ဆက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ယင်း ချိတ်ဆက်မှုများသည် အိုင်အိုအမ် ဝဘ်စာမျက်နှာတွင် ဖော်ပြထားသည့် အချက်အလက်ရင်းမြစ်များကို ချိတ်ဆက်သည့်အတွက် အိုင်အိုအမ်ကို  သေချာရှင်းလင်းစွာ အသိအမှတ်ပြုဖော်ပြရမည့်အပြင် တစ်စုံတစ်ရာ ပြောင်းလဲ ပြင်ဆင်ခြင်း မပြုရပါ။

 

ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးဆိုင်ရာ မူဝါဒ

အမည်ဖော်ပြခြင်းမရှိပဲ ကြည့်ရှုလေ့လာခြင်း

အသုံးပြုသူသည် ဝဘ်စာမျက်နှာများကို ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖော်ပြခြင်း မရှိပဲ အသုံးပြု ကြည့်ရှုလေ့လာခွင့်ရှိသည်။

 

ဝဘ်စာမျက်နှာ အသွားအလာပိတ်ဆို့မှုအား စောင့်ကြည့်ခြင်း

အိုင်အိုအမ်သည် ၎င်းဝဘ်စာမျက်နှာ အသုံးပြုမှု ယေဘူယျဖြစ်စဉ်ကို စောင့်ကြည့်သည်။

အိုင်အိုအမ်သည် ဝဘ်စာမျက်နှာ၏ အသုံးဝင်မှု ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ သတင်းအချက်အလက်များကို အသုံးပြုကာ ကိန်းဂဏန်းအချက်အလက်များနှင့် ဝဘ်စာမျက်နှာလုပ်ဆောင်မှုများကို တိုင်းတာသည်။ ဤအချက်အလက်များသည် အိုင်အိုအမ်၏ ဝန်ဆောင်မှုအတွက် သင်စာရင်းသွင်းသည့်အခါ ၊ အွန်လိုင်းမှတစ်ဆင့် မှာယူမှုများပြုလပ်သည့်အခါ သို့မဟုတ် ခရက်ဒစ်ကတ် ပေးချေမှုများ ပြုလုပ်သည့်အခါ သင်ပေးအပ်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် မည်သည့်အခါမျှ သက်ဆိုင်ခြင်းမရှိပါ။ 

ကွတ်ကီးများ (Cookies)

ဝဘ်စာမျက်နှာ အသုံးပြုမှုများပြား၍ အသွားအလာ ပိတ်ဆို့မှုအားစောင့်ကြည့်ခြင်းတွင် ကွတ်ကီးများအသုံးပြုခြင်း၊ သင့်ကွန်ပျူတာဟာ့ဒစ်စ်တွင် ပမာဏသေးငယ်သည့် ကုဒ်များ သိမ်းဆည်းခြင်း တို့လည်း ပါဝင်ပါသည်။ သင် ဝဘ်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုသည်နှင့် အိုင်အိုအမ်သို့ တစ်ဆင့်ခံရောက်စေသည့် ဝဘ်ဆိုဒ် ၊ သင့် အင်တာနက် ဝန်ဆောင်မှု လိပ်စာ၊ ဘရောက်ဇာ နှင့် သင်အသုံးပြုနေသည့် စက်ကရိယာ အမျိုးအစား စသည့် အချက်အလက်အချို့နှင့်  သင့်ဒေါင်းလုပ် ချသည့် ဖိုင်အမျိုးအစား၊ ဝင်ရောက်ကြည့်ရှုသည့် ဝဘ်စာမျက်နှာ ၊ ဝင်ရောက်ကြည့်ရှုသည့် အချိန် / နေ့စွဲ စသည့် အချက်အလက်များကို ရယူထားပါသည်။

သင့်ဘရောက်ဇာက ခွင့်ပြုပါက ကွတ်ကီးများအသုံးပြုခြင်းကို ငြင်းဆိုခွင့်ရှိသော်လည်း ယင်းသို့ပြုလုပ်ခြင်းကြောင့် ဝဘ်စာမျက်နှာတွင် တင်ဆက်ထားသော အချို့သော အစီအစဉ်များကို အသုံးပြုနိုင်ခြင်း မရှိတော့ခြင်း နှင့် ဝဘ်စာမျက်နှာရှိ အချို့သော ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် အချက်အလက်များကို ထပ်ပြန်တလဲလဲ ပြန်လည် ထည့်သွင်းရခြင်းများ ရှိနိုင်ပါသည်။

 

ကိုယ်ရေးကိုယ်တာ အချက်အလက်များဆိုင်ရာ

အိုင်အိုအမ်သည် အသုံးပြုသူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သဘောတူညီမှုဖြင့် ဥပမာ - စာအုပ်မှာယူခြင်း ၊ အွန်လိုင်းတွင် အလှူငွေ ထည့်ဝင်ခြင်း သို့မဟုတ် သတင်းလွှာရယူရန် စာရင်းပေးခြင်း စသည်တို့အတွက် ဆန္ဒအလျောက် ပေးအပ်သည့် ကိုယ်ရေးအချက်အလက်များကလွဲ၍ ၎င်းတို့၏ အမည်၊ နေရပ်လိပ်စာ ၊ အီးမေးလ်လိပ်စာ နှင့် အခြားသော ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို တောင်းခံ ကောက်ယူခြင်း မရှိပါ။ အဆိုပါ အခြေအနေများကြောင့် ပေးအပ်လာသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရည်ရွယ်ရင်း ကိစ္စရပ်များအတွက်သာ အိုင်အိုအမ်က အသုံးပြုပါသည်။

အိုင်အိုအမ်သည် ၎င်း၏ဝဘ်စာမျက်နှာမှတစ်ဆင့် ကောက်ယူရရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရောင်းချခြင်း ၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ငှားရမ်းခြင်း မပြုပါ။

အိုင်အိုအမ်သည် အစီအစဉ်တင်ဆက်သည့် ဝန်ဆောင်မှုများ ၊ ဝဘ်စာမျက်နှာ အသုံးပြုသူများသဖြင့် အသွားအလာ ပိတ်ဆို့မှု ဆန်းစစ်သုံးသပ်ခြင်း ၊ အီလက်ထရောနစ် သတင်းလွှာများ၊ အွန်လိုင်း စစ်တမ်းကောက်ယူမှုများ၊ အွန်လိုင်း ဈေးဝယ်ခြင်း နှင့် အီလက်ထရောနစ် ငွေပေးချေမှု ဖြေရှင်းခြင်းများအတွက် အွန်လိုင်းဝန်ဆောင်မှု ပံ့ပိုးသူများကို အသုံးပြုရပါသည်။ 

သင်သည် ဝဘ်စာမျက်နှာမှတစ်ဆင့် ကုန်ပစ္စည်း ဝယ်ယူမှု ပြုလုပ်ပါက သင့် ခရက်ဒစ်ကတ်အချက်အလက်များကို တောင်းခံခြင်း ခံရပါလိမ့်မည်။ ယင်းအချက်အလက်များကို အိုင်အိုအမ်မဟုတ်သည့် အခြားသော လုံခြုံသော အွန်လိုင်းငွေပေးခြေဝန်ဆောင်မှု ပံ့ပိုးသူထံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ယင်း ခရက်ဒ်ကတ် အချက်အလက်များကို အိုင်အိုအမ်က သိမ်းဆည်းထားမည်မဟုတ်ပါ။

အိုင်အိုအမ်သည် ထုတ်ဝေစာများ ဝယ်ယူခြင်း၊ စစ်တမ်းများ ဖြေကြားခြင်း သို့မဟုတ် အလှူငွေ ပေးအပ်ခြင်း စသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည်မှလွဲ၍ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို တတိယပုဂ္ဂိုလ်ထံ လွဲပြောင်းပေးမည်မဟုတ်ပါ။

အိုင်အိုအမ်သည် အသက် ၁၃ နှစ်အောက် ငယ်သည့် မည်သူမဆိုထံမှ ပုဂ္ဂိုလ်ရေး အချက်အလက်များ တောင်းခံရန် ရည်ရွယ်ခြင်း သို့မဟုတ် ကောက်ယူစုဆောင်းခြင်း မပြုပါ။ အသက် ၁၃ နှစ်အောက်ငယ်သည့် မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မဆို ဝဘ်စာမျက်နှာကို အသုံးပြုခြင်း သို့မဟုတ် အချက်အလက်များ ပေးအပ်ခြင်း မပြုသင့်ပါ။

အလုပ်လျှောက်ထားသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံမှုဆိုင်ရာ မူဝါဒကို အောက်ပါ လင့်ခ်တွင် ဖော်ပြထားပါသည်။

သက်ဆိုင်ခြင်းမရှိကြောင်းရှင်းလင်းချက်

ဖော်ပြထားသည့် စာရွက်စာတမ်း အချက်အလက်အားလုံးကို အာမခံချက်တစ်စုံတစ်ရာ ပေးခြင်းမရှိ ၊ ကန့်သတ်ခြင်း ၊ တစ်စုံတစ်ခုသော ရည်ရွယ်ချက်အတွက် သင့်တော်သည်ဟု ထောက်ခံခြင်း၊ စီးပွားရေးကုန်သွယ်မှု တစ်ခုခုအတွက် တစ်စုံတစ်ရာ ထောက်ခံပေးခြင်း နှင့် မူပိုင်ခွင့် ချိုးဖောက်မှုမှ ကင်းလွတ်ခြင်း စသည်တို့ပါဝင်ခြင်းမရှိပဲ အရှိအတိုင်းသာ လွင့်တင်ထားခြင်းဖြစ်သည်။ အိုင်အိုအမ်အနေဖြင့် အလေးအနက်ဖော်ပြလိုသည်မှာ ယင်းစာရွက်စာတမ်း အချက်အလက်များ၏ သင့်တော်မှုရှိခြင်း၊ အရည်အသွေး၊ အချိန်နှင့် ကိုက်ညီမှု ၊ တိကျမှု သို့မဟုတ် ပြည့်စုံမှု တို့ကို အာမခံချက်ပေးခြင်း သို့မဟုတ် ကိုယ်စားပြုခြင်း မပြုပါ။

ဝဘ်စာမျက်နှာတွင် အမှားအယွင်းလုံးဝမရှိပါဟု အိုင်အိုအမ်အနေဖြင့် အာမခံချက် တစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိသော်လည်း အမှားအယွင်းတစ်စုံတစ်ရာ ပေါ်ပေါက်သည်ဟု သိရှိပါက သင့်တော်သလို ပြင်ဆင်ရန် ကြိုးပမ်းအားထုတ်သွားပါမည်။

ဤဝဘ်စာမျက်နှာကို အသုံးပြုခြင်းသည် အသုံးပြုသည်၏ လွတ်လပ်သော ရွေးချယ်မှုသာ ဖြစ်ပါသည်။ ဤဝဘ်စာမျက်နှာကို အသုံးပြုသည်နှင့် တစ်ပြိုင်နက် အသုံးပြုသူသည် အိုင်အိုအမ် နှင့်တကွ ၎င်း၏ဝန်ထမ်းများ၊ သတင်းအချက်အလက်ပံ့ပိုးသူများနှင့် တင်ဆက်ပြသမှုများအား ပံ့ပိုးပေးသူများကို ပျက်စီးမှု ၊ ငွေကြေးကုန်ကျစေမှု (ဥပဒေကြောင်းအရ ကုန်ကျမှုများ ၊ စရိတ်များအပါအဝင်) ၊ လျော်ကြေးတောင်းဆိုခြင်း၊ တရားစွဲဆိုခံရခြင်း ၊ ဥပဒေကြောင်းအရ တာဝန်ခံရခြင်း စသည့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ မရှိစေရန် အကာအကွယ်ပြုရန် ၊ အာမခံချက်ပေးရန် နှင့် အန္တရာယ်မဖြစ်စေရန် သဘောတူရပါမည်။

အိုင်အိုအမ်နှင့် ၎င်း၏ ဝန်ထမ်းများ ၊ သတင်းအချက်အလက် သို့မဟုတ် တင်ဆက်ပြသမှုများကို ပံ့ပိုးသူများ သည် တင်ပြထားသည့် အချက်အလက် တင်ဆက်ထားမှု တစ်စုံတစ်ရာတို့၏ သင့်တင့်မျှတမှု ၊ အရည်အသွေးပြည့်မှီမှု ၊ တိကျသေချာမှု ၊ အချိန်ကိုက်ညီမှု နှင့် ပြီးပြည့်စုံမှု အစရှိသည်တို့နှင့် ပတ်သက်၍ တာဝန်ခံရမည် ဟု မှတ်ယူခြင်း မရှိစေရပါ။

ဝဘ်စာမျက်နှာပေါ်တွင် လွှင့်တင်ထားသည့် မည်သည့် အချက်အလက် တင်ဆက်ပြသူမှု မဆိုနှင့် ပတ်သက်၍ မတိကျမှု ၊ မှားယွင်းမှု၊ ချန်လှပ်မှု ၊ ဖြတ်တောက်မှု ၊ အချိန်နှင့် ကိုက်ညီမှု၊ မပြည့်စုံမှု ၊ ဖျက်ပစ်မှု ၊ ပျက်စီးမှု ၊ ကောင်းမွန်စွာ အသုံးပြု၍ မရမှု ၊ ကွန်ပျူတာ ဗိုင်းရပ်စ်ပါဝင်မှု ၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက  မည်သည့်အကြောင်းရင်းကြောင့် ဖြစ်စေ သို့မဟုတ် မည်သည့် ထိခိုက်ပျက်စီးမှုကြောင့်ဖြစ်စေ အသုံးပြုသူ တစ်စုံတစ်ယောက် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တို့က အိုင်အိုအမ်နှင့် ၎င်း၏ ဝန်ထမ်းများ ၊ သတင်းအချက်အလက် သို့မဟုတ် တင်ဆက်ပြသမှုများကို ပံ့ပိုးသူများအား တရားဥပဒေကြောင်းအရ တာဝန်ခံစေခြင်း ပြုခွင့်မရှိစေရ။

အသုံးပြုသူတစ်ဦးဦးက ဝဘ်စာမျက်နှာတွင် လွှင့်တင်ထားသည့် တင်ဆက်ပြသမှုတစ်စုံတရာနှင့် ပတ်သက်၍ သော်လည်းကောင်း ၊ ဝဘ်စာမျက်နှာ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍သော်လည်းကောင်း ကျေနပ်မှုမရှိပါက ဆက်လက်အသုံးပြုခြင်းမှ ရပ်ဆဲခြင်းသည် အသုံးပြုသူ၏ လွတ်လပ်သော အကြွင်းမဲ့ အခွင့်အရေးဖြစ်ပါသည်။

 

နယ်နမိတ် ကန့်သတ်ချက်များနှင့် ပထဝီဝင် အမည်များ

နယ်နမိတ် ကန့်သတ်ချက်ဖော်ပြချက်နှင့် အသုံးပြုမှုများ၊ ပထဝီဒေသအမည်များ၊ နှင့် မြေပုံပေါ်တွင် ဖော်ပြထားသည့် ဆက်စပ်အချက်အလက်များ ၊ စာရင်းများ ၊ ဇယားများ၊ စာရွက်စာတမ်းများ၊ နှင့် ဝဘ်စာမျက်နှာ ဒေတာဘေ့စ်ထဲတွင် ဖော်ပြထားသည့်အချက်အလက်များတွင် အမှားအယွင်း လုံးဝ မပါဝင်ဟု အာမခံခြင်း မပြုသကဲ့သို့  မည့်သည့် နယ်နမိတ် ဒေသ၏ တရားဥပေဒအရ ရပ်တည်မှုကို ဝေဖန်ပြစ်တင်ခြင်း ပြုသည်ဟုလည်းကောင်း သို့မဟုတ် ယင်းနယ်နမိတ် ကန့်သတ်ချက်များကို အိုင်အိုအမ်က အားပေးခြင်း ၊ ထောက်ခံ အသိအမှတ်ပြုခြင်း ပြုသည်ဟုလည်းကောင်း မှတ်ယူခြင်း မရှိစေရပါ။

 

အကြံပြုချက်များ ၊ အတွေးအမြင်များ နှင့် ထုတ်ပြန်ချက်များ

ဝဘ်စာမျက်နှာတွင် သတင်းအချက်အလက်အသီးသီး နှင့် အကြောင်းအရာပံ့ပိုးသူတို့၏ အကြံပြုချက်များ ၊အတွေးအမြင်များနှင့် ထုတ်ပြန်ချက်များ ပါဝင်သည်။ အိုင်အိုအမ်အနေဖြင့် မည်သည့် အကြံပြုချက်၊ အတွေးအမြင် ၊ ထုတ်ပြန်ချက် သို့မဟုတ် မည်သည့် အကြောင်းအရာပံ့ပိုးသူက ပေးပို့သော အချက်အလက်၊ မည်သည့် ဝဘ်စာမျက်နှာ အသုံးပြုသူ သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု မဆိုတို့ကို ကိုယ်စားပြုခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်း မပြုပါ။ ၎င်းအကြံပြုချက် ၊ အတွေးအမြင် ၊ ထုတ်ပြန်ချက် သို့မဟုတ် သတင်းအချက်အလက်တစ်စုံတစ်ရာတို့အပေါ် အားထားယုံကြည်ခြင်းသည် အသုံးပြုသူ၏ ရွေးချယ်မှုသက်သက်သာ ဖြစ်ပါသည်။

 

အခြားသော ဝဘ်စာမျက်နှာများ

ဝဘ်စာမျက်နှာနှင့် အကိုးအကားစာရွက်စာတမ်းများ အထောက်အကူများတွင် ထည့်သွင်းဖော်ပြထားသည့် အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တို့၏ မူဝါဒများ နှင့် သက်ဝင်ယုံကြည်မှုများကို အိုင်အိုအမ်မှ ထောက်ခံခြင်း ၊ အားပေးခြင်းပြုသည်ဟု ယူဆရန် အကြောင်းမရှိပါ။

တစ်ဆင့်ခံညွှန်ပြထားသည့် ဝဘ်စာမျက်နှာများ ၊ လင့်ခ်များနှင့် ပတ်သက်၍ အိုင်အိုအမ်တွင် ဥပဒေကြောင်းအရသော်လည်းကောင်း ၊ တရားမကြောင်းအရသော်လည်းကောင်း အာမခံခြင်း ၊ တာဝန်ရှိခြင်း မရှိစေရပါ။ ယင်းသို့ အခြားသော ဝဘ်စာမျက်နှာများ၊ လင့်ခ်များကို အိုင်အိုအမ်၏ ဝဘ်စာမျက်နှာတွင် ထည့်သွင်းဖော်ပြခြင်းမှာ သုံးစွဲသူများ လွယ်ကူသက်သာစေရန်နှင့် စုံလင်သော အချက်အလက်များရရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းတို့ကို ထောက်ခံခြင်း၊ အားပေးခြင်း ပြုသည်ဟု မှတ်ယူခြင်းမရှိစေရပါ။

 

အသုံးပြုသူများ

အခြားတစ်ပါးသော အသုံးပြုသူများ၏ အပြုအမူနှင့် ပတ်သက်၍ အိုင်အိုအမ်တွင် တာဝန်မရှိကြောင်း အသိအမှတ်ပြု ၊ သဘောတူညီရပါမည်။

 

ဘဂ်များ (Bugs) ၊ ဗိုင်းရပ်စ် နှင့် အဖျက်အမှောင့် ကုဒ် စသည် .....

အိုင်အိုအမ်သည် ဝဘ်စာမျက်နှာတွင် လွှင့်တင်ထားသည့် အထောက်အကူများကို အတတ်နိုင်ဆုံး ဗိုင်းရပ်စ် မပါဝင်စေရန် ကြိုးပမ်းအားထုတ်ထားသော်လည်း အလုံးစုံသော ဗိုင်းရပ်စ်ဆော့ဖ်ဝဲလ်များ၏ ရန်မှ ကင်းလွတ်ပြီဟု တာဝန်ခံနိုင်ခြင်းမရှိပါ။ ဆော့ဖ်ဝဲလ်တစ်မျိုးမျိုး နှင့် ဗိုင်းရပ်စ် ၊ အဖျက်အမှောင့် ဆက်စပ်ကုဒ်များကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတရာရှိပါက အိုင်အိုအမ်မှ တာဝန်မယူပါ။

 

လုံခြုံရေးနည်းလမ်းများ

ဝဘ်စာမျက်နှာတွင် အိုင်အိုအမ်၏ စနစ်ကို အလွဲသုံးမှုများ၊ ခွင့်ပြုခြင်းမရှိသည့် ချိတ်ဆက်အသုံးပြုမှုများ သို့မဟုတ် ပိတ်သိမ်းမှုများ ၊ ပြောင်းလဲမှုများ သို့မဟုတ် ဆုံးရှုံးပျက်စီးမှုများမှ ကာကွယ်နိုင်ရန် အင်ခရစ်ပ်ရှင်း (encryption ) နှင့်/သို့မဟုတ် တရားဝင် tools များအသုံးပြုခြင်း စသဖြင့် နည်းပညာများစွာနှင့် လုံခြုံရေးအကာအကွယ်နည်းလမ်းများ အသုံးပြု ထားပါသည်။

အိုင်အိုအမ်အနေဖြင့် ပံ့ပိုးထားသော သတင်းအချက်အလက်များကို မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်၍ တတိယပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတစ်ခုခုမှ တစ်လွဲအသုံးချမှုများ မရှိစေရန် ခိုင်မာသော နည်းလမ်းများ အသုံးပြုထားသော်လည်း ခွင့်ပြုထားခြင်းမရှိသော တတိယ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုက မိမိတို့၏ လုံခြုံရေးစနစ်များကို မည်သည့်အခါမှ ကျော်လွှားနိုင်မည်မဟုတ်ဟူ၍လည်းကောင်း ၊ သင့် ကိုယ်ရေးအချက်အလက်များကို မသင့်မလျော် အသုံးချမည် မဟုတ်ဟူ၍လည်းကောင်း အာမခံနိုင်ခြင်း မရှိပါ။ အင်တာနက်၌ လွှင့်တင်ပြီးသော အချက်အလက်များအား အလုံးစုံ လုံခြုံစိတ်ချမှုရှိအောင် ကာကွယ်၍ မရနိုင်သည်ကို သတိပြုသင့်ပါသည်။ သို့ဖြစ်ပါ၍  တစ်ဆင့်ပေးပို့ခြင်း ၊ ထုတ်လွှင့်ခြင်း ဟူသမျှသည် အန္တရာယ် တစ်စုံတစ်ရာ ရှိနိုင်ကြောင်း သတိပြုပါ။

 

အွန်လိုင်း ဝန်ဆောင်မှုပေးအပ်သူများ

အိုင်အိုအမ်သည် အွန်လိုင်းဝန်ဆောင်မှုပေးအပ်သူ၏ ရိုးသားမှု အထူးသဖြင့် ၎င်းတို့၏ ယုံကြည်အားထားထိုက်မှု ၊ ပုဂ္ဂိုလ်ရေးနှင့် ခရက်ဒစ်ကတ် အချက်အလက်များကို အကာအကွယ်ပေးမှု အပေါ် အလွန်အလေးထားသကဲ့သို့  ၎င်းတို့နှင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ တစ်စုံတရာ အာမခံခြင်း နှင့် တရားဥပဒေအရ တာဝန်ယူခြင်း မရှိပါ။ ထို့အပြင် ၎င်းဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုတစ်စုံတရာ ရှိပါက အိုင်အိုအမ်အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

အီလက်ထရောနစ် စာတိုများ

ဝဘ်စာမျက်နှာတွင် ဖော်ပြထားသည့် အီးမေးလ်လိပ်စာများသို့ ပေးပို့လာသော စာများကို တတ်နိုင်သရွေ့ တုန့်ပြန်ဖြေကြားသွားပါမည်။ သို့ရာတွင် အိုင်အိုအမ်သည် ယင်း စာတိုများ၏ တစ်စောင်စောင်ကိုသော်လည်းကောင်း ၊ အားလုံးကိုသော်လည်းကောင်း မဖြစ်မနေဖြေကြားရမည့် တာဝန်မရှိပါ။

 

ကြည့်ရှုခြင်း

Internet Explorer 6.0 ၊  Firefox 2.0 နှင့် Safari 3.1 သို့မဟုတ် ပိုမိုအဆင့်မြင့်သော ဗားရှင်းဖြင့် ရုပ်ထွက် 1024 x 768 pixels ကိုအသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။

 

ဆက်သွယ်ရန်

ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်း အကြံပြုလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

Website, Intranet and Digital Assets Management,
International Organization for Migration (IOM) 
Manila Administrative Centre, 28th Floor Citibank Tower,
8741 Paseo de Roxas, 1226 Makati City, Philippines 
Fax: +63 2 848 1257
E-mail: wsm@iom.int

 

 

ပြောင်းလဲမှုများကို အသိပေးခြင်း

အိုင်အိုအမ်သည် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် ပြောင်းလဲ ပြင်ဆင်မှုများပြုလုပ်ပါက http://www.iom.int/terms-and-conditions တွင် ထုတ်လွှင့်အသိပေးထားမည်။

 

အထွေထွေ

ဤစည်းကမ်းသတ်မှတ်ချက်တွင် ပါဝင်သည့် အချက်အလက်အားလုံးသည်အိုင်အိုအမ်၏  နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်အဖြစ် ရရှိခံစားနေသည့် အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များကို သက်ရောက်ခြင်းမရှိစေရပါ။